“MPSS မှ ငလျင်ဘေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီအားဖြည့်မည့်အစီအစဉ်” မတ်လ(၂၈)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒေသအသီးသီးမှ ပြည်သူ/ပြည်သားများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် MPSS မှ များစွာ ဝမ်းနည်းရပါတယ်။ ဤအခြေအနေအပေါ် တုံ့ပြန်မှုအဖြစ် MPSS မှ ငလျင်ဒဏ်သင့် ပြည်သူပြည်သားများအတွက် တတ်နိုင်သမျှ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအနေဖြင့် Octoverse Payment Gateway ကို အသုံးပြု၍ အလှူငွေကောက်ခံနိုင်ရေးအတွက် ဖိတ်ခေါ်လျက်ရှိပါတယ်။ အလှူငွေကောက်ခံမည့်အဖွဲ့အစည်းများအနေနှင့် မတူညီသော Mobile Payment Channel များ၊ ဘဏ်များမှ Internet/Mobile Banking၊ MPU Card စနစ်များအပါအဝင် ပေါင်းစုံသော ငွေပေးချေမှု နည်းလမ်းများဖြင့် အလှူငွေ လက်ခံနိုင်ရန် MPSS မှ ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိ ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မိသားစုများအတွက် တတ်နိုင်တဲ့ဘက်က ကူညီနိုင်ဖို့ ရည်ရွယ် တဲ့အတွက် အဖွဲ့အစည်းများအနေနဲ့ အားမနာတမ်း ဆက်သွယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဤအစီအစဉ်အတွက် MPSS မှ Integration Fee နှင့် Service Fee များကို လုံးဝ ကောက်ခံခြင်းမရှိဘဲ 100% အခမဲ့ ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါတယ်။ ထို့အပြင် MPSS ၏ ယခု အရေးပေါ် အထောက်အပံ့အစီအစဉ်တွင် ပါဝင်အားဖြည့်ပေးကြတဲ့ အဖွဲ့အစည်းများအတွက် နောင်တွင် ဆောင်ရွက်မဲ့ Project များတွင် အထူးအခွင့်အရေးအဖြစ် ပထမဆုံး Project အတွက် Payment Gateway ချိတ်ဆက်ခြင်းကို Integration Fee 50% Discount ဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုခံနေရသည့် မိသားစုများကို စာနာပါ၊ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြပါရန် MPSS မှ ပြန်လည်တိုက်တွန်းအပ်ပါတယ်။ လူမှုအတွက် တာဝန်ယူမှုဖြင့် တာဝန်ရှိသော နည်းပညာ လုပ်ငန်းအဖြစ် MPSS သည် အမြဲတမ်း တတ်အားသရွေ့ ကူညီဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
✨ မြန်မာ့နှစ်သစ်ကူးအခါသမယမှာ Octoverse နဲ့ အထူး Promotion ရယူလိုက်ပါ! 🎉 မိတ်ဆွေတို့ကို နှစ်သစ်ကူး အထူးပစ္စည်း လက်ဆောင်ပေးချင်ပါတယ်! 🎁 ယခု Octoverse Payment Gateway ကို အသုံးပြုလိုက်တာနဲ့ Integration Fee 50% Promotion နဲ့ ရယူနိုင် မယ်ဆိုတာ သိပါသလား? 🚀 Payment Methods (၂၁) မျိုးကျော် ကို API တစ်ခုတည်း ချိတ်ဆက်ရုံနဲ့ လွယ်လွယ်ကူကူ ပေးချေနိုင်ဖို့ Octoverse အဆင်သင့်ရှိနေပါပြီ! 📅 Promotion ကာလ – (၁.၄.၂၀၂၅) မှ (၃၀.၄.၂၀၂၅) (၁)လတိတိ! 🔥 Promotion ကာလမကုန်ခင် အခုပဲ ဆက်သွယ်လိုက်ပါ! 💳 Octoverse – Your Smart Payment Solution! 💡Promotion ကာလအတွင်းမှာ Project Deal ဖြစ်ပြီးနောက် Payment တစ်ပါတည်း ပေးချေမှသာ Integration Fee 50% ကို ခံစားနိုင်မှာဖြစ်ပါတယ် ဆက်သွယ်မေးမြန်းလိုပါက 09-88 255 1253,-52 ကို မေးမြန်းနိုင်ပါတယ်နော်.
ဒီနေ့ကတော့ MPSS ရဲ့ Octoverse Payment Gateway ကို ချိတ်ဆက်ထားတဲ့ Clients တွေထဲကမှ Cherry Myanmar Topup ရဲ့ Octoverse Payment Gateway အသုံးပြုပြီး အကောင့်ထဲသို့ ငွေဖြည့်သွင်း၍ ကြိုက်နှစ်သက်ရာ Operator မှ ဖုန်းဘေလ်ဖြည့်သွင်းနိုင်တဲ့ Process ကို Video လေးနဲ့ အဆင့်ဆင့်ရှင်းပြလိုပါတယ်။ Octoverse Payment Gateway ကို အသုံးပြုခြင်းအားဖြင့် မိတ်ဆွေတို့လုပ်ငန်းတွေအတွက် လွယ်ကူလျင်မြန်တဲ့ ငွေပေးချေမှုတွေကို စက္ကန့်ပိုင်းအတွင်း ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း လုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်စေရန် Octoverse Payment Gateway နဲ့ ချိတ်ဆက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။