Fraud Awareness Video (OTP)

“တစ်ခါသုံးလျှို့ဝှက်နံပါတ် (OTP) လိမ်လည်မှုများမှ သင့်ကိုယ်သင် ကာကွယ်နည်း”

OTP လိမ်လည်မှုများဟာ ဒီဂျစ်တယ်ခေတ်မှာ ရှောင်လွှဲ၍မရနိုင်တဲ့ ခြိမ်းခြောက်မှုများထဲမှတစ်ခုဖြစ်လာပါတယ်။

လိမ်လည်သူတွေဟာ OTP ရယူဖို့အတွက် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အတုအယောင် Website /App များဖန်တီးပြီး မိမိတို့ရဲ့အချက်အလက်တွေနဲ့ OTP ထည့်သွင်းခိုင်းခြင်း စတဲ့နည်းလမ်းမျိုးစုံကို အသုံးပြုလာကြပါတယ်။

အဆိုပါလိမ်လည်မှုများမှ ကာကွယ်ရန်အတွက်

(၁) မိမိ Account ၏ လုံခြုံရေးကို မိမိတစ်ဦးတည်းသာ သိထားရမည့် Password နှင့် OTP များ မျှဝေခြင်း မပြုပါနှင့်၊

(၂) မိမိထံရောက်ရှိလာသော SMS သို့မဟုတ် Link များကို မနှိပ်မိခင် သေချာစွာစစ်ဆေးပါ၊

(၃) မိမိ Account တွင် ပြဿနာရှိကြောင်း (သို့မဟုတ်) ငွေကြေးကိစ္စများအတွက် OTP တောင်းခံတာမျိုး ရှိလာပါက သက်ဆိုင်ရာဘဏ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်သွယ်ပြီး အတည်ပြုပါ၊

(၄) မိမိ Account ၏ Password ထားရာတွင် မှတ်ပုံတင်နံပါတ်၊ မွေးနေ့နှင့် ဖုန်းနံပါတ်များမထားရပါ၊

(၅) မိမိကိုယ်တိုင်ပြုလုပ်မှုမရှိဘဲ ရောက်ရှိလာသော OTP များကိုမည်သည့်နေရာကိုမှ မထည့်သွင်းဘဲ လျစ်လျူရှုပါ၊

အထက်ဖော်ပြပါ လုံခြုံရေးနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် OTP လိမ်လည်မှုများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

#myanmarpaymentsolutionservices

#octoverse

#myanmarpayment

#octoversefintech

#paymentgateway

#mpss

#fintech

#paymentsolution