“Octoverse Payment Gateway နဲ့ချိတ်ဆက်နိုင်ဖို့ Developer (or) Technical Team ရှိစရာမလိုတော့ပါ။” ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ Octoverse Payment Gateway နဲ့ ချိတ်ဆက်ဖို့ Developer လုံးဝ (လုံးဝ) မလိုအပ်တော့ပါဘူး။ Payment Gateway ချိတ်ဆက်နိုင်ဖို့အတွက် API အပြင် Integration အပိုင်းကိုပါ တစ်ပါတည်း Octoverse က အသက်သာဆုံးဈေးနှုန်းနဲ့ တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။ လူကြီးမင်းတို့လည်း Octoverse Payment Gateway နဲ့ချိတ်ဆက်ဖို့ Technical ပိုင်းအတွက် စိတ်မညစ်ရတော့ဘူးပေါ့။ “Payment Gateway API အပြင် Integration အပိုင်းကိုပါ ဝန်ဆောင်မှုပေးသွားမှာ ဆိုတော့ ဘာလိုသေးလဲ မိတ်ဆွေ” Octoverse Payment Gateway အကြောင်းနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက (သို့မဟုတ်) သင့်လုပ်ငန်း အတွက် အသုံးပြုလိုပါက www.mpss.com.mm သို့ ဝင်ရောက်လေ့လာနိုင်ပြီး အသေးစိတ်သိရှိလိုပါက 09-882551251~3 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ကျွန်တော်တို့ Octovese Payment Gateway မှာ Local Payment Methods တွေအပြင် International Card တွေနဲ့ပါ ပေးချေလို့ရတဲ့ Payment Methods တွေ ပါဝင်ပြီးဖြစ်ပါတယ်။ ဒီနေ့ကတော့ Payment Method အသစ်တစ်ခုကို Octoverse Payment Gateway မှာ စတင်အသုံးပြုလို့ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။ အဆိုပါ Payment Method ကတော့ A+ Wallet ပဲဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အသစ်အသစ်သော Payment Methods တွေအပြင် အသစ်အသစ်သော နည်းပညာတွေနဲ့ ဖန်တီးမှုအသစ်တွေကို မိတ်ဟောင်းမိတ်သစ်များအတွက် MPSS က အစဉ်တစိုက် ကြိုးစားလျက်ရှိပါတယ်။ “အမျိုးအစားစုံလင်လှတဲ့ Payment Methods တွေကို အသုံးပြုပြီး အောင်မြင်တဲ့လုပ်ငန်းတစ်ခု ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ Octoverse ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။”
“တစ်ခါသုံးလျှို့ဝှက်နံပါတ် (OTP) လိမ်လည်မှုများမှ သင့်ကိုယ်သင် ကာကွယ်နည်း” OTP လိမ်လည်မှုများဟာ ဒီဂျစ်တယ်ခေတ်မှာ ရှောင်လွှဲ၍မရနိုင်တဲ့ ခြိမ်းခြောက်မှုများထဲမှတစ်ခုဖြစ်လာပါတယ်။ လိမ်လည်သူတွေဟာ OTP ရယူဖို့အတွက် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အတုအယောင် Website /App များဖန်တီးပြီး မိမိတို့ရဲ့အချက်အလက်တွေနဲ့ OTP ထည့်သွင်းခိုင်းခြင်း စတဲ့နည်းလမ်းမျိုးစုံကို အသုံးပြုလာကြပါတယ်။ အဆိုပါလိမ်လည်မှုများမှ ကာကွယ်ရန်အတွက် (၁) မိမိ Account ၏ လုံခြုံရေးကို မိမိတစ်ဦးတည်းသာ သိထားရမည့် Password နှင့် OTP များ မျှဝေခြင်း မပြုပါနှင့်၊ (၂) မိမိထံရောက်ရှိလာသော SMS သို့မဟုတ် Link များကို မနှိပ်မိခင် သေချာစွာစစ်ဆေးပါ၊ (၃) မိမိ Account တွင် ပြဿနာရှိကြောင်း (သို့မဟုတ်) ငွေကြေးကိစ္စများအတွက် OTP တောင်းခံတာမျိုး ရှိလာပါက သက်ဆိုင်ရာဘဏ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်သွယ်ပြီး အတည်ပြုပါ၊ (၄) မိမိ Account ၏ Password ထားရာတွင် မှတ်ပုံတင်နံပါတ်၊ မွေးနေ့နှင့် ဖုန်းနံပါတ်များမထားရပါ၊ (၅) မိမိကိုယ်တိုင်ပြုလုပ်မှုမရှိဘဲ ရောက်ရှိလာသော OTP များကိုမည်သည့်နေရာကိုမှ မထည့်သွင်းဘဲ လျစ်လျူရှုပါ၊ အထက်ဖော်ပြပါ လုံခြုံရေးနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် OTP လိမ်လည်မှုများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ #myanmarpaymentsolutionservices #octoverse #myanmarpayment #octoversefintech #paymentgateway #mpss #fintech #paymentsolution