လုပ်ငန်းရှင်တစ်ယောက်အနေဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ ငွေကြေးပေးချေမှုများကို လွယ်ကူလျင်မြန်စွာ ဖြေရှင်းနိုင်ရန် Octoverse Payment Gateway အသုံးပြုခြင်းဖြင့် မိမိလုပ်ငန်းငွေကြေးများ၊ စာရင်းဇယားများအား အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီး ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါပြီ။
တိုးတက်လာတဲ့ နည်းပညာတွေကို အကျိုးရှိအောင် ဘယ်လိုလက်တွေ့အသုံးချကြမလဲ။ ကိုယ်ချစ်သူခင်သူတွေဆီကို ငွေလွှဲပေးဖို့ အရင်ကလို ဘဏ်ထိ တကူးတကသွားပြီး အချိန်ကုန်ခံစရာ မလိုတော့ဘူးနော်။ အခုခေတ်မှာ အချိန်ကုန် လူပင်ပန်း သက်သာအောင် အင်တာနက်ရှိရုံနဲ့ လုံခြုံစိတ်ချစွာ ငွေလွှဲလို့ရတဲ့ Digital Payment Methods တွေ များစွာရှိနေပြီဖြစ်လို့ ငွေလွှဲ/ငွေလက်ခံ ဘေလ်တွေဆောင်ဖို့အတွက် Digital Payment Methods တွေကို သုံးကြရအောင်နော်။ အိမ်ထဲမှာ ထိုင်ရာက ထစရာမလိုဘဲ Digital Payment နဲ့ တစ်မိနစ်အတွင်းမှာ ငွေလွှဲလို့ရနေပါပြီ။
Digital Payment Methods တစ်မျိုးမျိုးကို အသုံးပြုပြီး ငွေကြေးဝန်ဆောင်မှုတွေရယူရာမှာ ပုံမှန်ထက် မြန်ဆန်မှုတွေ ရှိသလို မလိုလားအပ်တဲ့ ငွေကြေးဆုံးရှုံးမှုတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ပေါ်လာနိုင်အောင် မိတ်ဆွေတို့ရဲ့ OTP (One Time Password) နံပါတ်တွေကို အခြားသူတွေဆီ အလွယ်တကူ မမျှဝေဖို့ လိုအပ်ပါတယ်နော်။ မိမိတို့ရဲ့ OTP နံပါတ်သာ မသမာသူတွေလက်ထဲ ရောက်သွားခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ငွေကြေးပြဿနာတွေ ကြုံလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ OTP တွေကို မမျှဝေပေးကြဖို့ အထူး သတိပြုဖို့ လိုမယ်နော်။
မြန်မာနိုင်ငံမှာ လူနေမှုအဆင့်အတန်း မြင့်မားလာတာနဲ့အမျှ နည်းပညာတွေလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပါတယ်။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ အသေးစား၊အလတ်စား လုပ်ငန်းရှင်များအတွက် Digital Payments ဟာ မရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ လူကြီးမင်းတို့ရဲ့ ငွေပေးချေ/လက်ခံမှုဆိုင်ရာ အခက်အခဲတွေကို လွယ်ကူမြန်ဆန်စွာနဲ့ တိကျမှန်ကန်အောင် Digital Payment က စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေအတွက် ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေနဲ့ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ဖို့ စိတ်ချရပြီး အသုံးပြုရ လွယ်ကူလျှင်မြန်စေတဲ့ Digital Payments တွေကို အသုံးပြုတော့မယ်ဆိုရင်တော့ ငွေပေးချေမှု နည်းလမ်းပေါင်းများစွာ ပါဝင်တဲ့ ကျွန်တော်တို့ရဲ့ Octoverse Payment Gateway က အဆင်သင့်ရှိနေပါတယ်။