ဒီနေ့ကတော့ SMEs အတွက် အဓိကအသုံးပြုလို့ကောင်းမွန်တဲ့ Digital Platforms (Brand Awareness)တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ Digital Platforms များစွာကို အသုံးပြုလျက်ရှိကြပါတယ်။ ထိုအထဲကမှ Tiktok, Facebook နဲ့ Google Platform စတဲ့ Digital Platforms တွေ အသုံးပြုပြီး မိမိတို့ရဲ့လုပ်ငန်းတွေကို လူသိများ အောင် ဘယ်လို လုပ်ဆောင်ကြမလဲ။
ပလက်ဖောင်းတွေမှာ target audience တွေ မတူညီကြပါဘူး။ TikTok မှာ လူငယ်များ အများဆုံးရှိပြီး Facebook နှင့် Google Platform တွေမှာတော့ အသက်အရွယ်မရွေး အသုံးပြုသူ အများအပြားရှိပါတယ်။ အဆိုပါ Digital Platforms တွေမှာ လူသိများဖို့ အောက်ပါအချက်တွေကို လက်တွေ့အသုံးချကြည့်ရအောင်...
(၁) ပထမဆုံးအနေနဲ့ လူကြိုက်များတဲ့ အကြောင်းအရာ၊ အလေ့အထတွေကို သတ်မှတ်ပြီး ကြော်ငြာပါ။
(၂) လူအများစိတ်ဝင်စားနိုင်မဲ့ Content တွေကို ထုတ်လုပ်ပြီး ကြော်ငြာပုံစံအလိုက် ပြင်ဆင် ၍ ပေါ်လွင်စွာ ထုတ်ဝေပါ။
(၃) Tiktok, Facebook & Google Platform တွေမှာ လှုပ်ရှားမှုနှင့် ရယ်စရာမှတ်တမ်းများ၊ စိတ်လှုပ်ရှား ဖွယ်ရာ ဗီဒီယိုများ၊ ပုံများ၊ ပရိုမိုးရှင်းတွေကို အသုံးပြုပါ။
(၄) မိမိတို့လုပ်ငန်းရဲ့ Value Proposition ကို တိကျစွာ ဖော်ပြပါ။
(၅) Content ပြုလုပ်ရာမှာ လုပ်ငန်းရဲ့ ထူးခြားချက်၊ မတူညီသော ဝန်ဆောင်မှုများအား သေချာဖော်ပြပါ။
(၆) Digital Platforms များမှာ Call-to-Action (CTA) ကို ထည့်သွင်းပါ။ ဥပမာ - "ယခုမှာ ဝယ်လိုက်ပါ" / "သင့်အတွက် အထူးအခွင့်အလမ်း" / "ဆက်သွယ်ပါ" စသည်တို့က လူအများ ကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။
ဒါကြောင့် TikTok, Facebook, Google Platform စတဲ့ Digital Platforms များကို ထိရောက် စွာ အသုံးပြုပြီး လူကြီးမင်းတို့ရဲ့လုပ်ငန်းတွေကို လူသိများအောင် အထက်ပါနည်းလမ်းများကို အကောင်အထည်ဖော်လိုက်ပါ မိတ်ဆွေ။