✨ မြန်မာ့နှစ်သစ်ကူးအခါသမယမှာ Octoverse နဲ့ အထူး Promotion ရယူလိုက်ပါ! 🎉 မိတ်ဆွေတို့ကို နှစ်သစ်ကူး အထူးပစ္စည်း လက်ဆောင်ပေးချင်ပါတယ်! 🎁 ယခု Octoverse Payment Gateway ကို အသုံးပြုလိုက်တာနဲ့ Integration Fee 50% Promotion နဲ့ ရယူနိုင် မယ်ဆိုတာ သိပါသလား? 🚀 Payment Methods (၂၁) မျိုးကျော် ကို API တစ်ခုတည်း ချိတ်ဆက်ရုံနဲ့ လွယ်လွယ်ကူကူ ပေးချေနိုင်ဖို့ Octoverse အဆင်သင့်ရှိနေပါပြီ! 📅 Promotion ကာလ – (၁.၄.၂၀၂၅) မှ (၃၀.၄.၂၀၂၅) (၁)လတိတိ! 🔥 Promotion ကာလမကုန်ခင် အခုပဲ ဆက်သွယ်လိုက်ပါ! 💳 Octoverse – Your Smart Payment Solution! 💡Promotion ကာလအတွင်းမှာ Project Deal ဖြစ်ပြီးနောက် Payment တစ်ပါတည်း ပေးချေမှသာ Integration Fee 50% ကို ခံစားနိုင်မှာဖြစ်ပါတယ် ဆက်သွယ်မေးမြန်းလိုပါက 09-88 255 1253,-52 ကို မေးမြန်းနိုင်ပါတယ်နော်.
ဒီနေ့ကတော့ MPSS ရဲ့ Octoverse Payment Gateway ကို ချိတ်ဆက်ထားတဲ့ Clients တွေထဲကမှ Cherry Myanmar Topup ရဲ့ Octoverse Payment Gateway အသုံးပြုပြီး အကောင့်ထဲသို့ ငွေဖြည့်သွင်း၍ ကြိုက်နှစ်သက်ရာ Operator မှ ဖုန်းဘေလ်ဖြည့်သွင်းနိုင်တဲ့ Process ကို Video လေးနဲ့ အဆင့်ဆင့်ရှင်းပြလိုပါတယ်။ Octoverse Payment Gateway ကို အသုံးပြုခြင်းအားဖြင့် မိတ်ဆွေတို့လုပ်ငန်းတွေအတွက် လွယ်ကူလျင်မြန်တဲ့ ငွေပေးချေမှုတွေကို စက္ကန့်ပိုင်းအတွင်း ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း လုပ်ငန်းတွေ ပိုမိုတိုးတက်အောင်မြင်စေရန် Octoverse Payment Gateway နဲ့ ချိတ်ဆက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ ငွေပေးချေနိုင်ဖို့ ရွေးချယ်စရာ နည်းလမ်းတွေ များပြားလာပါပြီ။ ဒါကြောင့် ရွေးချယ်စရာနည်းလမ်းများစွာထဲကမှ (၄)မျိုးကို ဒီနေ့ ဗဟုသုတ အနေနဲ့ ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း(၄)မျိုးကတော့ (၁) ငွေသားဖြင့် ပေးချေခြင်း (၂) ဘဏ်ကဒ်များဖြင့် ပေးချေခြင်း (၃) QR Code ဖြင့် ငွေပေးချေခြင်း (၄) Mobile Banking ဖြင့် ငွေပေးချေခြင်း (၁) ငွေသားဖြင့် ပေးချေခြင်း ကောင်းကျိုးများ ၁။ အချိန်/နေရာမရွေး ပေးချေနိုင်ခြင်း၊ ၂။ငွေသားဖြင့် ပေးချေရသည့်အတွက် လျှပ်စစ်မီးနှင့် အင်တာနက် ပြဿနာများအား ထည့်သွင်း စဉ်းစားစရာ မလိုတော့ခြင်း၊ ဆိုးကျိုးများ ၁။ရန်သူမျိုး(၅)ပါးနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြင်း၊ ၂။ငွေသားများအား လူတစ်ဦးမှ တစ်ဦး အဆင့်ဆင့် ကိုင်တွယ်ပေးချေလျက်ရှိသဖြင့် ဘက်တီးရီးယား ပိုးမွှားများ ကပ်ပါလာနိုင်ခြင်း။ (၂) ဘဏ်ကဒ်များဖြင့် ပေးချေခြင်း ကောင်းကျိုးများ ၁။Online မှ ဈေးဝယ်ရာတွင် လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ခြင်း၊ ၂။ငွေလွှဲမှတ်တမ်းများအား မှတ်တမ်းတင်ထားသည့်အတွက် အချိန်မရွေး ပြန်လည်ကြည့်ရှု နိုင်ခြင်း။ ဆိုးကျိုးများ ၁။ ဘဏ်ကဒ် ပျောက်ဆုံးသွားပါက(သို့မဟုတ်) ခိုးယူခြင်းခံရပါက လိမ်လည်သူများမှ ငွေကြေး ဆိုင်ရာအချက်အလက်တွေကို ခိုးယူနိုင်ခြင်း၊ ၂။ဘဏ်ကဒ်များကို များသောအားဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ငွေပေးချေမှုအတွက် အသုံးပြု ကြသော်လည်း တစ်ချို့ဒေသများတွင် ကဒ်များအသုံးပြု၍ ငွေပေးချေနိုင်မှုမရှိခြင်း။ (၃) QR Code ဖြင့် ငွေပေးချေခြင်း ကောင်းကျိုးများ ၁။မိမိရဲ့စမတ်ဖုန်းနဲ့ QR code ကို စကန်ဖတ်လိုက်ခြင်းဖြင့် လွယ်ကူမြန်ဆန်စွာ ငွေပေးချေနိုင်ခြင်း၊ ၂။ကိုယ်ပိုင်ငွေလွှဲမှု (P2P), စီးပွားရေးလုပ်ငန်းများ, လှူဒါန်းမှုများ စတဲ့ အမျိုးမျိုးသော ပေးချေမှု များတွင် အသုံးပြုနိုင်ခြင်း။ ဆိုးကျိုးများ ၁။QR Code နဲ့ ငွေပေးချေရာတွင် အင်တာနက်ချိတ်ဆက်မှုလိုအပ်တဲ့အတွက်ကြောင့် အင်တာနက်မရှိသည့်နေရာများတွင် အသုံးပြုရန် အခက်အခဲရှိနိုင်ခြင်း၊ ၂။QR Code မှတစ်ဆင့် တရားမဝင် Software များ (Malware) ထည့်သွင်း၍ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရနိုင်ခြင်း။ (၄) Mobile Banking ဖြင့် ငွေပေးချေခြင်း ကောင်းကျိုးများ ၁။ Mobile Banking နဲ့ ငွေလွှဲရာမှာ စာဝှက်မှု (Encryption), နှစ်ဆအတည်ပြုမှု (MFA), လက်ဗွေ၊ မျက်နှာသွင်ပြင်စစ်ဆေးမှု (Biometric Verification) တို့ပါဝင်တဲ့အတွက်ကြောင့် အသုံးပြုသူများ၏ အကောင့်ကို မသမာသူများရန်မှ ကာကွယ်နိုင်ခြင်း၊ ၂။လျှပ်စစ်မီး, ရေခွန်, ချေးငွေပေးချေမှုများနှင့် အခြားဝန်ဆောင်မှုတွေကို လွယ်ကူစွာ ပေးချေနိုင် ခြင်း။ ဆိုးကျိုးများ ၁။ဟက်ကင်း (Hacking), Phishing (အတုအယောင်လှည့်ဖြားမှု), Malware (တရားမဝင် software) တို့ကြောင့် အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ နှင့် အကောင့် လုံခြုံမှု ပျက်စီးနိုင်ခြင်း၊ ၂။အသုံးပြုသူ၏ ဖုန်းပျောက်ဆုံးသွားခြင်း (သို့မဟုတ်) QR code scam, OTP fraud တို့ကြောင့် ငွေကြေးဆိုင်ရာ မသမာမှုများ ဖြစ်နိုင်ခြင်း။ ဒီအချက်တွေကတော့ လက်ရှိ ငွေပေးချေမှုနည်းလမ်းတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ယှဉ်ပြထားတာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ဘယ်လိုနည်းလမ်းတွေနဲ့ ငွေပေးချေရင် အကောင်းဆုံးဖြစ်မယ်ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်နော်။