နှစ်သစ်မှာ မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့ ကျွန်တော်တို့ MPSS ရဲ့ Payment Gateway ကို ချိတ်ဆက်အသုံးပြုပြီးတော့ အောင်မြင်မှုတွေ ရယူလိုက်ပါ။
တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးမှာ မိမိတို့ရဲ့ လုပ်ငန်းတွေကို Digital System တွေနဲ့ စတင် တိုးချဲ့ဖို့ အဆင်သင့်ပဲလား။ ဒါဆိုရင်တော့ ကျွန်တော်တို့ MPSS က ကူညီပါရ စေဗျာ...
ကျွန်တော်တို့ MPSS ရဲ့ Octoverse Payment Gateway ကို ချိတ်ဆက်အသုံးပြုလိုက်ရုံနဲ့ မိတ်ဆွေတို့က ဒီလို အောင်မြင်မှုတွေကို ပိုင်ဆိုင်လာမယ်ဆိုတာ ရဲရဲကြီး အာမခံနိုင်ပါတယ်။
(၁) ရောင်းအားမြှင့်တင်မှု : Octoverse Payment gateway ဟာ လွယ်ကူစွာနဲ့ အွန်လိုင်းမှ အချိန်မရွေး၊ နေရာမရွေး ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်လို့ ရောင်းအားတိုးတက်လာ နိုင်ခြင်း၊
(၂) အသုံးပြုသူအတွေ့အကြုံမြင့်မားမှု : အော်ဒါတင်ခြင်းမှ ငွေပေးချေမှုအထိ ချောမွေ့သော လုပ်ငန်းစဉ်ကြောင့် Customer Experience တိုးတက်လာနိုင်ခြင်း၊
(၃) စျေးကွက်တိုးချဲ့နိုင်မှု : လက်ရှိ ဖောက်သည်များအပြင် အွန်လိုင်းဖောက်သည်များကိုပါ ဝင်ရောက်ရောင်းချနိုင်လို့ ဈေးကွက်များ ထပ်မံချဲ့ထွင်နိုင်ခြင်း၊
(၄) အချိန်နှင့်တပြေးညီငွေပေးချေမှု : Digital System ဖြစ်သောကြောင့် ငွေကြေးလိမ် လည်မှုဖြစ်နိုင်ခြေကို သက်သာစေပြီး လုပ်ငန်းတွင် အမြန်ဆုံးငွေဝင်ငွေထွက် စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ခြင်း၊
(၅) အချိန်ကုန်စရိတ်သက်သာမှု : Traditional Payment Methods အစား Digital Payment Gateway သုံးခြင်းကြောင့် အချိန်ကုန်သက်သာစေခြင်း၊
(၆) စုံလင်သော ငွေပေးချေမှုနည်းလမ်း : ပြည်တွင်း ငွေပေးချေမှု နည်းလမ်းပေါင်း(၂၀)ကျော် ကိုသာမက ပြည်ပ ငွေပေးချေမှုနည်းလမ်းများကိုပါ အသုံးပြုနိုင်ခြင်း၊
(၇) အဆင့်မြင့်သော ဝန်ဆောင်မှု : Device အမျိုးမျိုးဖြင့် Payment ပြုလုပ်ခြင်းကို ထောက်ပံ့ထားသောကြောင့် ပိုမိုအဆင်ပြေတဲ့ ဝန်ဆောင်မှုများကို ဖောက်သည်များအား ပေးစွမ်းနိုင်ခြင်း။
စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပြီဆိုမှတော့ မိတ်ဆွေတို့ လုပ်ငန်းတွေအောင်မြင်ဖို့ (100%) သေချာပြီပေါ့။ နှစ်သစ်မှာ အောင်မြင်မှုတွေကို အရင်လက်ဦးမှု ရယူနိုင်ဖို့ အခုပဲ MPSS ကို ဆက်သွယ်လိုက်တော့နော်။