ယနေ့ခေတ်မှာ မသမာသူတွေဟာ နည်းလမ်းပေါင်းမျိုးစုံနဲ့ ငွေကြေးဆိုင်ရာလိမ်လည်မှုများကို ပြုလုပ်လျက်ရှိပါတယ်။
လူကြီးမင်းတို့ရဲ့ ကိုယ်ရေးအချက်အလက်များ(ဥပမာ-မှတ်ပုံတင် အမှတ်၊ မွေးသက္ကရာဇ်၊ OTP) စတာတွေကို SMS (သို့မဟုတ်) voice calls များဖြင့် အဆင့်ဆင့် တောင်းဆိုခြင်း၊
လိမ်လည်သူများသည် social media အသုံးပြု၍ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းဟု ဟန်ဆောင်ကာ လိမ်လည်ရန် ကြိုးပမ်းခြင်း၊
သင့်မိသားစုဝင်၊ မိတ်ဆွေ (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်ကဲ့သို့ လူတစ်ဦးဖြစ်ကြောင်း လိမ်လည်ခြင်း၊
အီးမေးလ်များအား သင်ယုံကြည်ထားသော အဖွဲ့အစည်း (သို့မဟုတ်) လူတစ်ဦးထံမှ စာများ ကဲ့သို့ ထင်ရလောက်အောင် တုပ၍ ပြုလုပ်ထားခြင်း
စတဲ့နည်းလမ်းမျိုးစုံအသုံးပြု၍ ၎င်းတို့ပေးပို့လာသော လင့်ခ်များကို နှိပ်ရန် သို့မဟုတ် ဆော့ဖ်ဝဲများ ဒေါင်းလုပ်ချရန် တိုက်တွန်းခြင်းဖြင့် လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ ငွေကြေးဆိုင်ရာ အချက်အလက်များအား ရယူ လိမ်လည်လျက်ရှိပါတယ်။
ဒါကြောင့် အဆိုပါ လိမ်လည်မှုတွေ မဖြစ်ပွားဖို့ ကျွန်တော်တို့ ဘယ်လို ကာကွယ်ကြမလဲ?
1) Personal Information (Usernames, ID number, Bank account numbers, OTP, Credit card, Birthday) စတာတွေကို တခြားသူအား မျှဝေခြင်း မပြုလုပ်ပါနှင့်၊
2) SMS (သို့မဟုတ်) email တို့မှတစ်ဆင့် ပေးပို့လာသော Links များ၊ Software များအား အလွယ်တကူ ဝင်ရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊
3) ပေးပို့သူ၏ အချက်အလက်များကို စစ်ဆေးပါ
4) သံသယဖြစ်စရာလင့်ခ်များကို မနှိပ်ပါနှင့်
5) ခိုင်မာပြီးစိတ်ချရသော စကားဝှက်များ အသုံးပြုပါ
6) အရေးကြီးသော ဒေတာများကို Backup လုပ်ပါ
မိတ်ဆွေတို့လည်း ငွေကြေးလိမ်လည်မှုများမှ ကာကွယ်နိုင်ဖို့ ဒီအချက်တွေကို သေချာကျင့် သုံးဖို့လိုမယ်နော်။