Digital Payment Methods တစ်မျိုးမျိုးကို အသုံးပြုပြီး ငွေကြေးဝန်ဆောင်မှုတွေရယူရာမှာ ပုံမှန်ထက် မြန်ဆန်မှုတွေရှိသလို မလိုလားအပ်တဲ့ ငွေကြေးဆုံးရှုံးမှု တွေ လည်းရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ပေါ်လာနိုင်အောင် မိတ်ဆွေတို့ရဲ့ OTP (One Time Password) နံပါတ်တွေကို အခြားသူတွေဆီ အလွယ်တကူ မမျှဝေဖို့ လိုအပ်ပါတယ်နော်။ မိမိတို့ရဲ့ OTP နံပါတ်သာ မသမာသူတွေ လက်ထဲရောက်သွားခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ငွေကြေးပြဿနာတွေ ကြုံလာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ OTP တွေကို မမျှဝေပေးကြဖို့ အထူး သတိပြုဖို့ လိုမယ်နော်။