မြန်မာနိုင်ငံမှာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှု ကတော့ Payment Gateway ပဲဖြစ်ပါတယ်။ ဘယ်အရာမဆို ယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးမှာ မိမိတို့ရဲ့ လုပ်ငန်း စဉ်ဆက်မပြတ်တိုးတက်အောင်မြင်ဖို့ နည်းလမ်းများစွာ လိုအပ်ပါတယ်။ ဒီအထဲကမှ အရေးကြီးဆုံး အချက်ကတော့ မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူတဲ့ Customer တွေအနေနဲ့ အချိန်မရွေး နေရာ မရွေး ဝယ်ယူရရှိနိုင်ဖို့နဲ့ ငွေပေးချေရာမှာ မည်သည့် Payment Method နဲ့မဆို ပေးချေနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့ရဲ့ရောင်းအားတိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လုပ်ငန်းမျိုးမဆို Digital Payment တွေကိုအသုံးပြုပြီး Payment Method များစွာနဲ့ ပေးချေနိုင်တဲ့ Payment Gateway ကို အသုံးပြုသင့်ပါတယ်နော်။ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ တွင်ကျယ်ဖို့အတွက် အချိန်ကုန် လူပင်ပန်းသက်သာစေပြီး ကိုယ့်ရဲ့ Customer တွေ ငွေပေးချေရာမှာ အဆင်ပြေစေမယ့် Payment Gateway တစ်ခုကို မိမိတို့လုပ်ငန်းမှာ ချိတ်ဆက်အသုံးပြုလိုပါက ပြည်တွင်း Payment များပါမက ပြည်ပသုံး Card များ ဖြင့်ပါ အသုံးပြုနိုင်မယ့် Payment Method ပေါင်း ၂၀ကျော်နဲ့ ချိတ်ဆက်ထားတဲ့ ကျွန်တော်တို့ရဲ့ Octoverse Payment Gateway ကို သတိရ လိုက်ပါနော်။