MPSS ရဲ့ မိုးရာသီအကြို (25%) Promotion ကို (၃၁.၇.၂၀၂၅) ရက်နေ့ နောက်ဆုံးထားပြီး ရယူနိုင်ပါပြီ။

Top Tips for safe Online Payments (VPN)

Blog image

“ငွေသားနဲ့မဟုတ်ဘဲ Digital ကိုအသုံးပြုပြီးတော့ ငွေချေတော့မယ်ဆိုရင် သင်ဒါတွေကို သတိပြုပါ။”

အသစ်အသစ်တွေနဲ့ အမြဲပြောင်းလဲတိုးတက်လာတာနဲ့အညီ လူသားတွေဟာ ပိုလွယ်ကူ မြန်ဆန်တဲ့ နည်းလမ်းတွေနဲ့ ငွေပေးချေရတာကို နှစ်သက်လာကြပါတယ်။

ဒါကြောင့် Digital နဲ့ ငွေပေးချေတဲ့ နည်းလမ်းတွေကို အသုံးပြုလာကြပါတယ်။ လူကြီးမင်းတို့အနေနဲ့ Digital Payment Methods တွေကို အသုံးပြုနေပြီဆိုရင်တော့ ဒီအချက်တွေကို သေချာဖတ်ဖို့ လိုအပ်ပါတယ်နော်။

(၁) Public/Free VPN ကို အသုံးပြုပါက ငွေပေးချေစဉ်ကာလအတွင်းမှာ လူကြီးမင်းရဲ့ Credit Card၊ Bank Login၊ Password စတဲ့ အချက်အလက်တွေကို VPN Provider က interception လုပ်နိုင်ပါတယ်။

(၂) Public/Free VPN ကို အသုံးပြုပါက Traffic များကို အခြားတစ်စုံတစ်ယောက်က ချိတ်ဆက်ကြည့် ခြင်းဖြင့် Man-in-the-Middle (MITM) Attack ဖြစ်နိုင်ပါတယ်။

(၃) ဘဏ်များနဲ့ Payment Platforms တွေက "Real User Location" ကို လိုအပ်ကြတဲ့အတွက် ကြောင့် VPN ကိုအသုံးပြုပြီး ငွေပေးချေခြင်းဟာ ၎င်းတို့သတ်မှတ်ထားတဲ့ Legal Issues (or) Terms of Use များကို ချိုးဖောက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ အကောင့်တွေကို ဖျက်ခြင်း၊ ငွေပေးချေမှုတွေကို တားမြစ်ခြင်းစတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင် ပါတယ်။

ဒါကြောင့်မို့ VPN တွေကို အသုံးပြုဖို့ လိုအပ်လာခဲ့မယ်ဆိုပါက အောက်ကအချက်တွေကို သေချာလိုက်နာသင့်ပါတယ်…

ယုံကြည်စိတ်ချရတဲ့ Paid VPN တွေကိုသာ အသုံးပြုပါ။

ဘဏ်နှင့် ပတ်သက်တဲ့ Application (or) Website တွေကို အသုံးပြုလိုပါက VPN ပိတ်ထားပြီး အသုံးပြုပါ။

Payment ပြုလုပ်လိုသော ဝန်ဆောင်မှုများရဲ့ Policy များကိုဖတ်ရှုပါ။

Two-Factor Authentication (2FA) များကို အသုံးပြု၍ လုံခြုံမှုမြှင့်တင်ထားပါ။

ကဲ ဒါဆို လူကြီးမင်းတို့လည်း VPN ကို အသုံးပြုပြီးငွေလွှဲတော့မယ်ဆို ဒီအချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်ဗျာ။