“တစ်ခါသုံးလျှို့ဝှက်နံပါတ် (OTP) လိမ်လည်မှုများမှ သင့်ကိုယ်သင် ကာကွယ်နည်း” OTP လိမ်လည်မှုများဟာ ဒီဂျစ်တယ်ခေတ်မှာ ရှောင်လွှဲ၍မရနိုင်တဲ့ ခြိမ်းခြောက်မှုများထဲမှတစ်ခုဖြစ်လာပါတယ်။ လိမ်လည်သူတွေဟာ OTP ရယူဖို့အတွက် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အတုအယောင် Website /App များဖန်တီးပြီး မိမိတို့ရဲ့အချက်အလက်တွေနဲ့ OTP ထည့်သွင်းခိုင်းခြင်း စတဲ့နည်းလမ်းမျိုးစုံကို အသုံးပြုလာကြပါတယ်။ အဆိုပါလိမ်လည်မှုများမှ ကာကွယ်ရန်အတွက် (၁) မိမိ Account ၏ လုံခြုံရေးကို မိမိတစ်ဦးတည်းသာ သိထားရမည့် Password နှင့် OTP များ မျှဝေခြင်း မပြုပါနှင့်၊ (၂) မိမိထံရောက်ရှိလာသော SMS သို့မဟုတ် Link များကို မနှိပ်မိခင် သေချာစွာစစ်ဆေးပါ၊ (၃) မိမိ Account တွင် ပြဿနာရှိကြောင်း (သို့မဟုတ်) ငွေကြေးကိစ္စများအတွက် OTP တောင်းခံတာမျိုး ရှိလာပါက သက်ဆိုင်ရာဘဏ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်သွယ်ပြီး အတည်ပြုပါ၊ (၄) မိမိ Account ၏ Password ထားရာတွင် မှတ်ပုံတင်နံပါတ်၊ မွေးနေ့နှင့် ဖုန်းနံပါတ်များမထားရပါ၊ (၅) မိမိကိုယ်တိုင်ပြုလုပ်မှုမရှိဘဲ ရောက်ရှိလာသော OTP များကိုမည်သည့်နေရာကိုမှ မထည့်သွင်းဘဲ လျစ်လျူရှုပါ၊ အထက်ဖော်ပြပါ လုံခြုံရေးနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် OTP လိမ်လည်မှုများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ #myanmarpaymentsolutionservices #octoverse #myanmarpayment #octoversefintech #paymentgateway #mpss #fintech #paymentsolution
“Merchant များအတွက်သတင်းကောင်း” Octoverse Payment Gateway မှ လူကြီးမင်းတို့၏ လုပ်ငန်းများ ပိုမိုလွယ်ကူစေနိုင်ရန် အသစ်ထပ်မံ၍ Feature- “Pay with Link” ကို မကြာမီ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီ Feature က Customer များထံငွေပေးချေနိုင်တဲ့ Link ကို Messenger, Telegram များမှ အလိုအလျောက်ပေးပို့သွားမည်ပြီး Customers များအနေဖြင့် လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှုများကို အလွယ်တကူ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ Pay with Link အကြောင်းပိုမိုသိရှိလိုပါက (သို့မဟုတ်) သင့်လုပ်ငန်းအတွက် အသုံးပြုလိုပါက www.mpss.com.mm သို့ ဝင်ရောက်လေ့လာနိုင်ပြီး အသေးစိတ်သိရှိလိုပါက 09-882551251~3 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ #myanmarpaymentsolutionservices #octoverse #myanmarpayment #octoversefintech #paymentgateway #mpss #fintech #paymentsolution
“တိုးတက်လာသော Online ဈေးဝယ်ယူမှု ခေတ်ရေစီးကြောင်း“ Internet သုံးစွဲသူနှင့် Smart Phone သုံးစွဲသူအရေအတွက် တိုးတက်လာသည်နှင့်အမျှ Online မှတဆင့် ဈေးဝယ်ယူမှုသည်လည်း တဟုန်ထိုး တိုးတက်လာပါသည်။ နည်းပညာတိုးတက်လာမှုနှင့် လူနေမှုပုံစံ ပြောင်းလဲလာမှုတို့က ပုံမှန် ဈေးဝယ်ယူမှုပုံစံကို ပြောင်းလဲစေပြီး Online မှတဆင့် ဈေးဝယ်ယူခြင်းသည် လည်း ခေတ်ရေစီးကြောင်းအသစ်တစ်ခုဖြစ်လာနေပါသည်။ မြန်မာနိုင်ငံ၏ တိုးတက်လာနေသော Online ဈေးကွက် လိုအပ်ချက်များနှင့်အညီ Online ဈေးဝယ်ခြင်း အတွေ့အကြုံကို ပိုမိုပြည့်စုံကောင်းမွန်စေရန်အတွက် ရည်ရွယ်တည်ဆောက်ထားသည့် ကျွန်မတို့၏ Octoverse Payment Gateway မှ ခေတ်မီသော ငွေပေးချေဝန်ဆောင်မှု အများအပြားကို တစ်နေရာတည်းမှာ ချိတ်ဆက် ရယူနိုင်ပြီဖြစ်ပါသည်။ Payment Gateway ချိတ်ဆက်အသုံးပြုခြင်းဖြင့် ငွေကြေးလိမ်လည်မှုများမှ ကာကွယ်ပေးနိုင်ပြီး လွယ်ကူရိုးရှင်းသော ငွေပေးချေနိုင်မှု နည်းလမ်းမျိုးစုံရှိသောကြောင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် ငွေပေးချေလက်ခံမှု ကဏ္ဍတွင် အခက်အခဲမရှိဘဲ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်မည်ဖြစ်ပါသည်။ Octoverse Payment Gateway အကြောင်းပိုမိုသိရှိလိုပါက (သို့မဟုတ်) သင့်လုပ်ငန်းအတွက် အသုံးပြုလိုပါ က www.mpss.com.mm သို့ ဝင်ရောက်လေ့လာနိုင်ပြီး အသေးစိတ်သိရှိလိုပါက 09-882551251~3 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။