Digital Payments VS. Traditional Payments-What’s easier?

Blog image

အခုချိန်ထိ ငွေသားနဲ့ ငွေပေးချေနေတုန်းပဲလား မိတ်ဆွေ။❗❗❗

ဒါဆိုရင်တော့ သင်ပြောင်းလဲဖို့ လိုအပ်နေပြီနော်။

ယနေ့ခေတ်ဟာ နည်းပညာပိုင်းမှာ အရှိန်အဟုန် မြင့်တက်နေတဲ့အချိန်ဖြစ်တဲ့အတွက် နေရာတိုင်းမှာ Digital စနစ်နဲ့ ငွေပေးချေမှုတွေကို လူတိုင်းနီးပါး အသုံးပြုလာကြပါပြီ။ ဒါဆိုရင်တော့ ကျွန်တော်တို့ သမရိုးကျငွေပေးချေခြင်း(Traditional Payments) နဲ့ ဒီဂျစ်တယ်ငွေပေးချေခြင်း (Digital Payments) တို့ရဲ့ ကွာခြားချက်တွေကိုလေ့လာရင်း ဘယ်နည်းလမ်းက ပိုမိုလွယ်ကူစေမလဲ ဆိုတာကို လေ့လာကြရအောင်ဗျာ။

ပထမဆုံးအနေဖြင့်🔰

(၁) Digital Payments အသုံးပြုခြင်း

မိမိတို့ရဲ့ဖုန်းကို အသုံးပြုပြီး ငွေပေးချေမှုတွေကို ပြုလုပ်နိုင်လို့ ငွေစက္ကူတွေ ကိုင်စရာမလိုဘဲ အချိန်မရွေး အလွယ်တကူ ဝယ်ယူနိုင်ခြင်း/ပေးချေနိုင်ခြင်း။

ဒီဂျစ်တယ်ငွေပေးချေမှုတွေဟာ သမရိုးကျနည်းလမ်းတွေထက် ပိုမြန်ဆန်ခြင်း။

ဒီဂျစ်တယ်ငွေပေးချေမှုအက်ပ်များသည် လူကြီးမင်းတို့၏ကဒ်နံပါတ်နဲ့ အချက်အလက်တွေကို လုံခြုံစွာ စီမံထိန်းသိမ်းပေးထားလို့ ယုံကြည်စိတ်ချရခြင်း။

ဒီဂျစ်တယ်ငွေပေးချေမှုနဲ့ ငွေပေးချေထားတဲ့ ငွေလွှဲစာရင်းတွေကို အချိန်မရွေး ပြန်လည်စစ်ဆေး နိုင်ခြင်း... စတာတွေပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့ 🔰

(၂) Traditional Payments (သမရိုးကျငွေပေးချေခြင်း) ကို အသုံးပြုခြင်း ဖြစ်ပါတယ်။

ငွေသားနဲ့ပေးချေရတဲ့အတွက် တွက်ချက်ရသည့်အချိန် ပိုကြာမြင့်ခြင်း။

သဘာဝဘေးနှင့် အမျိုးမျိုးသောဘေးအန္တရာယ်များကြုံလာခဲ့ပါက ငွေစက္ကူများဆုံးရှုံးနိုင်ခြင်း။

ငွေစက္ကူများအား လက်ဝယ်ကိုင်ဆောင်နေရသည့်အတွက် မလိုလားအပ်သောရောဂါများ ဖြစ်ပွား နိုင်ခြင်း။

ငွေစက္ကူအတုအပများ ရရှိနိုင်ခြင်း (သို့မဟုတ်) လုံခြုံစိတ်ချမှုမရှိခြင်း။

စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ မိတ်ဆွေတို့အတွက် ဘယ်နည်းလမ်းက ပိုလွယ် ကူမလဲ၊ ပိုစိတ်ချရမလဲဆိုတာ နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

နောက်အပတ်တွေမှာလည်းပဲ ယခုလို စိတ်ဝင်စားစရာကောင်းတဲ့ ဗဟုသုတတွေကို ဆက်လက် မျှဝေပေးမှာဖြစ်တဲ့အတွက် စောင့်မျှော်ပေးကြပါဦးနော်။ ❗❗❗

Octoverse ရဲ့ လုပ်ငန်းအကြောင်းအရာအသေးစိတ်ကို သိရှိလိုပါက

https://mpss.com.mm မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်နော်..